တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲ၊ ဆက်ကပ်လှူဒါန်းပွဲနှင့် စူဠာမုနိလောကချမ်းသာစေတီတော် ဘက်စုံပြင်ဆင်မှုအောင်ပွဲ၊ မဟာဘုံကထိန် တရားနာရေစက်ချပွဲ ကျင်းပ

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၁၄ ရက် ညနေ(၅)နာရီက တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာစေတီတော်ဘုရား ရင်ပြင်တွင် ကျင်းပသည်။

နောင်တရားမြို့၌ (၅၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ သံဃာတော်အရှင်သူမြတ်များကို ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရန်အတွက် (၅၅)မြောက် စုပေါင်းမဟာဘုံကထိန်ကိုပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည်။

မိုင်းယုမြို့၌ သမိုင်းဝင်ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲနှင့်ကျောင်းဆောင်သစ်ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၏ သမိုင်းဝင်အထင်ကရဖြစ်သည့် ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲနှင့် ကျောင်းဆောင်သစ်ရေစက်ချမင်္ဂလာအခမ်းအနားကို နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်၍ ယမန်နေ့မနက်ပိုင်းထိ သုံးရက်တိုင်တိုင် ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာအနီးရှိ ဟိုခိုဘုန်းကြီးကျောင်း၌ ကျင်းပြုလုပ်ခဲ့ကြသည်။

တန်ဆောင်မုန်းလပြည့်နေ့၌ မင်းဘူးမြို့ စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင် မီးပုံပျံများလွှတ်တင်ခြင်း၊ ဆီမီး ၂၅၀၀ ထွန်းညှိပူဇော်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ညက မီးပုံပျံများလွှတ်တင်ကာ ဆီမီး ၂၅၀၀ ထွန်းညှိပူဇော်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်သို့ လာရောက်ကြည့်ရူသူများဖြင့် စည်ကား

တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်အား နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ ညနေပိုင်းတွင် ဈေးလာရောက်ဝယ်ယူသူများ၊ ညပိုင်းတွင် ဂီတပွဲတော်လာရောက်ဆင်နွှဲသူများ၊ မီးပုံးပျံလွှတ်တင်မှုအား လာရောက်ကြည့်ရူသူပြည်သူများဖြင့် စည်းကားခဲ့သည်။
Subscribe to