ဗန်းမော်တက္ကသိုလ်၌ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုပြပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်
ကချင်ပြည်နယ် ၊ ဗန်းမော်မြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဗန်းမော်တက္ကသိုလ်၏ တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုပြပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီခွဲအထိ ဗန်းမော်တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။