(၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် (၃၄) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က အောင်မင်္ဂလာကျောင်းတိုက်၌ ကျင်းပကြောင်း သိရသည်။

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟို)အဆင့်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကယားပြည်နယ် ကိုယ်စားပြုပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟို)အဆင့်သို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကယားပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

သာစည်မြို့နယ်တွင် အလုပ်ခွင်ထိခိုက်မှုကြောင့်သေဆုံးသူအတွက် ကျန်ရစ်သူငွေလုံးငွေရင်း အကျိုးခံစားခွင့် ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထား၊ တိုင်းအမှတ်(၄)၊ ကလောဘူတာမှ အာမခံအလုပ်သမား အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူငွေလုံးငွေရင်းအကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီက အမှတ် (၂) ရပ်ကွက် သာစည်စက်ခေါင်းရုံရှိ ဓမ္မရက္ခိတဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

ပခုက္ကူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၏ (၃၉) ကြိမ်မြောက် ဝန်ထမ်းမိသားစု ဘုံကထိန်ပွဲတော်နှင့် (၁၂) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကျင်းပ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၏ (၃၉) ကြိမ်မြောက် ဝန်ထမ်းမိသားစုဘုံကထိန်ပွဲတော်နှင့် (၁၂) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)၌ မြန်မာ့အစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကား

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာ့တို့၏ရိုးရာအစဉ်အလာနှင့်အညီ တန်ဆောင်ပွဲတော်တွင် ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကထိန်ပွဲတော်များဖြင့် စည်ကားလျက်ရှိသည်။

သထုံမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို နိုဝင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်အလှူတော်ပွဲတက်ရောက်

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူး၍ ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်အလှူပွဲတော်ကို ယမန်နေ့ နေ့လယ် ၂ နာရီက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီးပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

တန်ဆောင်မုန်းလပြည့်‌နေ့ (သာမညဖလ အခါတော်) နေ့၌ စဉ့်ကိုင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများတွင် ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် (သာမညဖလ)အခါတော်နေ့တွင် မြန်မာနိုင်ငံ‌ နေရာအနှံ့အပြားရှိ တန်ခိုးကြီး ဘုရားများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိရာ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်အတွင်းရှိ ရတနာလာဘမုနိ ဆုတောင်းပြည့်မြွေဘုရားနှင့် ပေါ်တော်မူ မြတ်စွာဘုရားများတွင်လည်း ယမန်နေ့နံနက်ပိုင်းက ဘုရားဖူး ပြည်သူများဖြင့် အထူးစည်းကား သိုက်မြိုက်လျက်ရှိကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က သီရိမင်္ဂလာဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည်။

မုံရွာမြို့ ကန်သာယာ ပြည်ထောင်စုကျွန်းရင်ပြင်တွင် တန်ဆောင်တိုင်မီးပုံးပျံလွှတ်ပူဇော်ပွဲနှင့် စတုဒီသာကျွေးမွေးဧည့်ခံပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ် (၂၀၂၄ ခုနှစ်) တန်ဆောင်တိုင်မီးပုံးပျံလွှတ်ပူဇော်ပွဲနှင့် စတုဒီသာဧည့်ခံကျွေးမွေးပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာ ပြည်ထောင်စုကျွန်းရင်ပြင်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Subscribe to