စစ်ကိုင်းမြို့တွင် မြေပြင်တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်

စစ်ကိုင်းခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ (၇၇) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေပြင်တင်းနစ်ပြိုင်ပွဲနှင့် ဆုရရှိခဲ့ကြသူများအား ဆုချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့ ညနေ (၄) နာရီက တင်းနစ်ပြိုင်ပွဲကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မချမ်းဘောမြို့နယ်တွင် (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာ ရရှိလာစေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက ကောင်းမှုလုံကျေးရွာ၌ ကျင်းပခဲ့သည်။

ဆွမ်ပရာဘွမ်မြို့နယ် အမျိုးသမီးရေးရာ/ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့မှ အခြေခံပညာကျောင်းများသို့ အာဟာရမုန့်များ သွားရောက်လှူဒါန်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့မှ ကျောင်းသား/ကျောင်းသူများအား အာဟာရဖြည့်အစားအစာများ လှူဒါန်းခြင်းကို ယမန်နေ့ ညနေ (၃) နာရီခွဲက အခြေခံပညာကျောင်းများသို့ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ဖျာပုံမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေး စာအုပ်စာ​စောင်များ ပြသဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ညာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် စာဖတ်ခြင်း အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေး စာအုပ်စာ​စောင်များ ပြသဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ (၈) ရက်နေ့ နံနက်ပိုင်းအချိန်က အဆိုပါခန်းမ၌ ပြုလုပ်ဆောင်ရွက်ကြသည်။

ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ Book Club စာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူများ(Book Club)အသင်းနှင့် ပူး ပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသော အမွေပေးသူတစ်ရာ အမွေခံသူတစ်ယောက်စာအုပ်ကို ယနေ့ နံနက် ၉ နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် မုံရွာပညာရေးဒီဂရီကောလိပ်၌ ထမနဲထိုး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

(၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ်တွင် ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ ကျောင်းဝန်းအတွင်းရှိ အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း‌ဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်ကျောင်းများမှ ပါမောက္ခချုပ်/ဒုတိယပါမောက္ခချုပ်များ၊ ဆရာ/ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မေဂျာပေါင်းစုံ ထမနှဲထိုးပြိုင်ပွဲ၊ စျေးရောင်းပွဲတော်နှင့် ဘက်စုံထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် ၌ ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မေဂျာပေါင်းစုံ ထမနဲထိုးပြိုင်ပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ဆုချီးမြှင်ခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်က အဆိုပါကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သပိတ်ကျင်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့ တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌  ကျောင်းသား၊ ကျောင်းသူများ  ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် (၁:၀၀) နာရီက မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to