ဒဂုံ(အရှေ့) စက်တင်ဘာ ၈
ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် လူစုလူဝေးဖြစ်ပေါ်ခြင်းကို အတက်နိုင်ဆုံး ရှောင်ရှားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေ ရန်အတွက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရွာသာကြီးရပ်ကွက်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် နှင့် ထမင်းဆိုင်များ၌ ဆိုင်ထိုင်စားသောက် ရောင်းချသောစနစ်မှ လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှ စတင်ကာ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာမရခင်အထိ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေး လိုက်လံအသိပေးနှိုးဆော်ခြင်းကို ရွာသာကြီးအတွင်းရှိ ရောင်းချသူများနှင့် စားသုံးသူများ သိရှိစေရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ယမန်နေ့ ညက အသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များက မြို့နယ်အတွင်းရှိ ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင် ကာကွယ်နိုင်ရေး၊ လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် လူစုလူဝေးဖြစ်ပေါ်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားနိုင် ရန် စားသောက်ဆိုင်များအား ဆိုင်ထိုင်ရောင်း ချသောစနစ်မှ ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ကြရန် လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)