လမ်းမတော်မြို့နယ်  UMFCCI  တွင် မြန်မာ-ဗီယက်နမ် ကုန်သွယ်မှုမြှင့်တင်ရေး ဆွေးနွေး

လမ်းမတော် စက်တင်ဘာ  ၈

လမ်းမတော်မြို့နယ် UMFCCI  တွင် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးမှ Mr.Nguyen Duong Kien, Head of Vietnam Trade Office မှ အသင်းချုပ်တာဝန်ရှိသူများနှင့် ယမန်နေ့က လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေး၊ရင်းနှီးမြှုပ်နှံမှု အလား အလာများ၊ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊  ရေရှည် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ အပြင် COVID- 19 ရောဂါများ ဖြစ်ပေါ် နေသော်လည်း နှစ်နိုင်ငံအတွင်း ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ကုန်သွယ်မှု မြှင့်တင်ရေးကို အရှိန်အဟုန် မပြတ် လက်တွဲဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးများဖြစ်ကြသော ဦးမျိုးသန့်၊ ဒေါက်တာဝင်းစည်သူနှင့် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေတို့ တက်ရောက်ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်