ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီလမ်းပေါ်၌ ကမ်းပါးပြိုကျမှုကြောင့် ကားလမ်းယာယီပိတ်ဆို့မှုဖြစ်ပွား

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၊ ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ ကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ် ၃၅ နေရာတွင် စက်တင်ဘာ ၇ ရက် ည ၁၀ နာရီခန့်၌ ကမ်းပါးပြိုကျသဖြင့် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ ကားလမ်း ခေတ္တပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပါတီများတွေ့ဆုံပွဲနှင့် မြို့နယ်ရွေး ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပါတီများ တွေ့ဆုံပွဲနှင့် မြို့နယ်ရွေး ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က မြန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်း ပပြုလုပ်ခဲ့သည်။

ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

မိုးရာသီအတွင်းဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေး ရောဂါများမဖြစ်ပွားစေရေးအတွက်  ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ ကျေးလက်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

သရက်မြို့၌ လမ်းသွား လမ်းလာပြည်သူများအား Mask တပ်ဆင်၍ သွားလာကြရန် အသိပညာပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမဖြစ်ပါ်စေရေး ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ် (၂)နာရီခန့် က သရက်မြို့လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့မှ လမ်းသွားလမ်းလာ ပြည်သူများအား Mask တပ်ဆင်၍ သွားလာကြရန် အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ဂန့်ဂေါမြို့နယ် ပြစ်မကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပဉ္စမအကြိမ် မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ မိသားစုဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ကိုင်စေရန်နှင့် လူမှုစီးပွားဘဝ တိုးတက်စေရေးအတွက် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေထုတ်ချေးပေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြစ်မကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းလမ်းချောင်း ကျောက်ခင်းခြင်းနှင့် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများရာနှုန်းပြည့်ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့် ကာလတွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးထိခိုက်မှုများအပေါ် ပြန်လည်ကုစားပေးသည့်အနေဖြင့် Cash For Work စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကြူတောအင်းကျေးရွာတွင် စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းချောင်း ကျောက်ခင်းခြင်းလုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။

လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများ တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာစေ့စပ် ညှိနှိုင်းရေး ကော်မရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန OSS ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး နှာခေါင်းစည်း(Mask) (၅၀၀၀)ခု ပေးအပ်လှူဒါန်း

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)စုစုပေါင်း(၅၀၀၀)ခုကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဗန်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်မြို့တွင် စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာရောင်းချခွင့်ပြုမည်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များကို စက်တင်ဘာ ၈ ရက် နေ့မှ စတင်၍ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

တီးတိန်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးများ ထောက်ပံ့ငွေပေးအပ်

၂၀၁၉- ၂၀၂၀ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွား လာသည့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက တီးတိန်မြို့၊ အစိုးရမူလတန်းကြိုကျောင်း၌ ပြုလုပ်သည်။
Subscribe to