မင်းတပ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အဝင်အထွက်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ

မင်းတပ်  စက်တင်ဘာ  ၈

မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်  အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ မြို့အဝင်အထွက်ဂိတ်များတွင် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက် က "မင်းတပ်မြို့နယ်ကို ဝင်ရောက်လာတဲ့ ယာဉ်လိုင်းတွေအနေနဲ့ သတ်မှတ်စည်းကမ်းများနှင့်အညီ ပြေးဆွဲမှုရှိ/မရှိ၊ ခရီးသွားပြည်သူများ အနေနဲ့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုရှိ/မရှိကို စစ်ဆေးဆောင်ရွက် တာဖြစ်ပါတယ်" ဟု ပြောကြားသည်။

မင်းတပ်ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)