လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အမှတ်(၁၃)ရပ်ကွက်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အိမ်တိုင်ရာရောက် ကိုယ်အပူချိန် လိုက်လံတိုင်းတာပေးခြင်းဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာလ

ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကိုယ်အပူချိန် လိုက်လံတိုင်းတာပေးခြင်းကို ယနေ့ နံနက် ၉ နာရီခန့်က အမှတ်(၁၃) ရပ်ကွက်အတွင်း အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေးသည်။

ထိုသို့ ကိုယ်အပူချိန်လိုက်လံတိုင်းတာပေးခြင်း     ဆောင်ရွက်ရာတွင် အမှတ်(၁၃)ရပ်ကွက် အုပ်ချုပ်ရေး နှင့် မြို့နယ်ကျန်းမာရေးဌာနမှ ဆရာမများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ အိမ်တိုင်ရာရောက် ကိုယ်အပူချိန် တိုင်းတာပေးသည့်အပြင် ရပ်ကွက်နေ ပြည်သူများအနေဖြင့် အပြင်သွားပါက နှာခေါင်းစည်း Mask များ မဖြစ်မနေတပ်ဆင်ရန် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန်၊ လက်များကို မကြာခဏ စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်းတိကျစွာလိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)