ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် မဟာမြိုင်စျေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ

ဒဂုံမြောက် စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်၊ ရပ်ကွက်အလိုက် လူစည်ကားရာစျေးများ၊ ကားဂိတ်များတွင် နှာခေါင်းစည်း(Mask)များ ဝေငှခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် ကြေညာအသိပေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ယနေ့ နံနက် ၈ နာရီက အမှတ်(၄၁)တိုးချဲ့ရပ်ကွက်၊ မဟာမြိုင်စျေး အတွင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် များ၊ ရပ်မိရပ်ဖများ ပူးပေါင်းကာ စျေးရောင်းချသူများ၊ စျေးဝယ်လာသူများအား နှာခေါင်းစည်း (Mask) များ လိုက်လံဝေငှအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)