ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ပင်လောင်း  စက်တင်ဘာ  

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့မဈေးအတွင်းနှင့် လူစည်ကားရာနေရာဖြစ်သည့် ပျံကျဈေးတို့တွင် နှာခေါင်းစည်း များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန  အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပညာရေးဌာနမှ ဝန်ထမ်း များ ပူးပေါင်း၍ မြို့မဈေး အတွင်းနှင့် လူစည်ကားသော ပျံကျဈေးတို့တွင် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသည့် ဈေးရောင်း/ဈေးဝယ်သူများ လက်ဝယ် အရောက်ဖြန့်ဝေပေး၍ တပ်ဆင်စေခြင်း၊ ဈေးအရောင်းဆိုင်များတွင် ဈေးဆိုင်ရှင်များအား လက်သန့် ဆေးရည်ထားရှိပေးရန် ညွှန်ကြားခြင်း၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို လက်ကိုင်အသံချဲ့စက်ဖြင့် အသိပညာပေးခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)