တွန်းဇံမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံပွဲအခမ်းကျင်းပ

တွန်းဇံ       စက်တင်ဘာ      ၈

ချင်းပြည်နယ်၊တွန်းဇံမြို့၌ ယနေ့နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲအခမ်းအနားကို တွန်းဇံမြို့နယ်နှစ်ခြင်းခရစ်ယာန်အဖွဲ့(TTBA) အစည်းအဝေး ခန်းမတွင် ကျင်းပ သည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတွာလ်လျန်းထန်က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းစိုးက အခြေခံ မဲဆန္ဒရှင်းစာရင်း တိကျမှန်ကန်အောင် ရရှိနိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အခြေအနေ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထန်ဟောက်လန်က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေ မှု အခြေအနေ၊ မြို့နယ်ဦးပဒေအရာရှိ၊ ဦးအောင်မြတ်သူက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် နည်းဥပ ဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒု-လဝကမှူး ဦးထင်ဝင်းကျော်က မဲစာရင်းတွင် ပါဝင်ပြီး နိုင်ငံသား စိစစ်ရေးကတ် မရှိသူများ၏ ဆန္ဒမဲပေးနိုင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြသည်။ ဆက်လက်၍ နိုင်ငံရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများက မိမိတို့ သိရှိလိုသည် များကို မေးမြန်ခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)