လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၁ နာရီခန့်က အမှတ်(၁၆) ရပ်ကွက်အတွင်း အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေးသည်။
ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် အမှတ်(၁၆)ရပ်ကွက် အုပ်ချုပ်ရေးနှင့် မြို့နယ်ကျန်းမာရေး ဌာနမှ ဆရာမများ ပူးပေါင်း၍ အိမ်တိုင်ရာရောက် လိုက်လံ၍ ရပ်ကွက်နေပြည်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း အပြင်သွားပါက နှာခေါင်းစည်း Mask များ မဖြစ်မနေ တပ်ဆင်ရန် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင် ကြရန်၊ လက်များကို မကြာခဏ စက္ကန့်(၂၀)ကြာ အောင် စနစ်တကျဆေးကြောရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အသိပညာ ပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)