တိုက်ကြီးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုစေရေး စစ်ဆေး ကြပ်မတ်

တိုက်ကြီး စက်တင်ဘာ ၈

လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ် အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များအား စက်တင်ဘာ လ ၈ ရက်နေ့မှ စ၍ နောက်ထပ်ညွှန်ကြားချက်တစ်စုံတစ်ရာမရခင်အထိ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာရောင်းချရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စက်တင်ဘာလ ၅ ရက်နေ့တွင် အသိပညာပေးနှိုးဆော်ထားပြီး ဖြစ်သည်။

အဆိုပါ အသိပညာပေးနှိုးဆော်ထားချက်အား မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက် ရည် ဆိုင်များ၊ ထမင်းဆိုင်များ အနေဖြင့် လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်း လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြိုနယ်စည်ပင် သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)