ကွမ်းခြံကုန်းမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စားသောက်ဆိုင် များအား ပါဆယ်စနစ်ဖြင့် ရောင်းချရန် အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်ရောင်းချခြင်း မပြုလုပ်ရန်နှင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပညာပေး ကွင်းဆင်းဆောင်ရွက်မှုကို ယမန်နေ့ နံနက်ပိုင်းကစ၍ မြို့နယ်ကိုဗစ် ထိန်းချုပ်ရေး ကော်မတီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။