ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် Mask တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် ၇:၃၀ နာရီက မြို့မဈေး၊ ၃၃ ကားဂိတ်၊ ၉၅ ကားဂိတ်၊ ရေလယ်ဘုရားရှေ့၊ ကျောက်တံတားဇက်ဆိပ်နှင့် ကျောက်မရဲဇက်ဆိပ်တို့တွင် Mask တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် Hlaing Quarantine Center သို့ ကျန်းမာ​ရေးသုံးပစ္စည်းနှင့် မုန့်များ M -PRIDE Co.Ltd မှ လှူဒါန်း

လှိုင်မြို့နယ်တွင် ယမန်နေ့ ည​နေ(၃)နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ရှိ Hlaing Quarantine Center သို့ ကျန်းမာ​ရေးသုံးပစ္စည်းနှင့် မုန့်များအား M-PRIDECo.Ltd မှ လာ​ရောက်၍ လှူဒါန်းခဲ့ကြသည်။

ရွာငံမြို့နယ် စိုက်ပျိုးရေးလုပ်ငန်းများတွင် ကိုဗစ်-၁၉ ထိခိုက်မှုအတွက် ကူညီထောက်ပံ့ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်

အီတလီနိုင်ငံ၊ Bonzano ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပြည်သူများ၏ ကူညီထောက်ပံ့မှု အစီအစဉ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် (DNAO)၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် AVSI Foundation Myanmarတို့ ပူးပေါင်း၍ ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းကစတင်၍ အဆိုပါကျေးရွာ တောင်သူလယ်သမား သင်တန်းကျောင်းတွင် ကိုဗစ်-၁၉ ထိခိုက်မှုအတွက် ကူညီထောက်ပံ့ရေး စီမံ ကိန်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဂန့်ဂေါတွင် စိုက်ပျိုးရေးဦးစီးဌာနက အကျိုးဆောင်တောင်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

ဂန့်ဂေါမြို့နယ်အတွင်း မိုးစပါးနှင့် မိုး​မြေပဲ စမ်းသပ်ကွက်၊ စံပြကွက် စိုက်ပျိုးဆောင်ရွက်သော အကျိုးဆောင်တောင်သူများသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်သည်။

သန်လျင်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စားသောက်ကုန်များအား အိမ်အရောက် ပို့ဆောင်ခြင်းနှင့် ပါဆယ်ဝယ်ယူစနစ် စတင်ဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အနေဖြင့် ပြည်သူများ ပြင်ပထွက်ရှိမှု နည်းပါစေရေး၊ စားသောက်ကုန်ပစ္စည်း ဈေးနှုန်း မှန်ကန်စေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေးတို့အတွက် သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်မှု အထောက်အကူပြု ကော်မတီများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ရပ်ကွက်နှင့်ကျေးရွာများရှိ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်၍ ဈေးဝယ်စရာမလိုဘဲ မိမိတို့နေအိမ်မှ လိုအပ်သော စားသောက်ကုန်များ၊ ဆေးဝါးများအား ဆိုင်များမှ သတ်မှတ်ဈေးနှုန်းအတိုင်း ပို့ဆောင်ခပေးရန် မလိုဘဲ (အခမဲ့) ဝန်ဆောင်မှုများအား ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက ပြည်သူများက မှာယူသောပစ္စည်းအား ဝယ်ယူကာ Together Thanlyin Volunteer များက ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပြီး သန်လျင်မြို့နယ်အတွင်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် ထမင်းဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် Facility Quarantine ကန့်သတ်ထားရှိသူများအား ဓာတ်ခွဲနမူနာများ ရယူခြင်းနှင့် ကန့်သတ်(၂၁)ရက်ပြည့်မြောက်သူများအား နေအိမ်သို့ ပို့ဆောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ ကင်ဆားရာရပ်ကွက်၊ ကချင်ရိုးရာမနောကွင်း၊ ဟူးကောင်းဂင်ဒိုင်ခန်းမ၌ Facility Quarantine ကန့်သတ် ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲနမူနာများရယူခြင်းနှင့် ကန့်သတ်(၂၁)ရက်ပြည့်မြောက်သူများအား နေအိမ်သို့ ပို့ဆောင်ခြင်းကို ယနေ့ နံနက်(၈)နာရီက ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းဝေးရေးနှင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ ဓာတ်အားလျော့နည်းပျောက်ဆုံးမှုမရှိစေရေးတို့အတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မန်နေဂျာ ဦးသိန်းလှိုင်ဦးနှင့်ဝန်ထမ်းများက ယနေ့နံနက်(၉) နာရီတွင် ကြက်မင်းတွန်လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ငှက္ကတောင် လျှပ်စစ်ဓာတ်အားခွဲရုံတို့မှ ကျောက်ဆည်မြို့အတွင်း ဖြန့်ဖြူးပေးနေသော ဓာတ်အားကြိုးများတစ်လျှောက် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခဲ့ပြီး ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် Facility Quarantine Center ရှိ ရောဂါပိုးတွေ့ရှိသည့် နေရာဒေသများမှ ပြန်လည်​​ရောက်ရှိလာသည့် နေရပ်ပြန်ပြည်သူများအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှု

မကွေးတိုင်းဒေသကြီး ပေါက်မြို့ အောင်ချမ်းသာရပ်ကွက် ကျောင်းကြီးဝိုင်း ဓမ္မာရုံအတွင်းဖွင့်လှစ်ထားသော Facility Quarantine Center ရှိ ရောဂါပိုးတွေ့ရှိသည့် နေရာ ဒေသများမှ ပြန်လည်ရောက်ရှိလာသော နေရပ်ပြန် ပြည်သူများ၏

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ပထမအကြိမ် ငါးသားပေါက် ကောင်ရေ ( ၁၂၁၅၆ဝ ) အခမဲ့ထောက်ပံ့ပေးအပ်

မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ နိုင်ငံတော် အစိုးရက ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေက ရာဇူဒိုင်တံတားအမှတ် ၂ ခြေရင်းတွင် ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ် အနောက်ရေပြားတောကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်နေမှု ရာခိုင်နှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရဲဘော်ကြီးကျေးရွာအုပ်စု၊ အနောက်ရေပြားတောကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ (၅၀) ရာခိုင်နှုန်းနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်လျက်ရှိရာ တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
Subscribe to