လှိုင်မြို့နယ်တွင် Hlaing Quarantine Center သို့ ကျန်းမာ​ရေးသုံးပစ္စည်းနှင့် မုန့်များ M -PRIDE Co.Ltd မှ လှူဒါန်း

လှိုင် စက်တင်ဘာ ၁၁

လှိုင်မြို့နယ်တွင် ယမန်နေ့ ည​နေ()နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ရှိ  Hlaing Quarantine Center သို့ ကျန်းမာ​ရေးသုံးပစ္စည်းနှင့် မုန့်များအား M-PRIDECo.Ltd မှ လာ​ရောက်၍ လှူဒါန်းခဲ့ကြသည်။

ယခုအခါ ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်​ရေးလုပ်ငန်းများ ​ဆောင်ရွက်ရာ တွင် အသုံးပြုရန်အတွက် M-PRIDE Co.Ltd မှ  ဆက်စပ်လူနာများ၊ ထိတွေ့လူနာများ သယ်ယူ ပို့ဆောင် ရာတွင် အန္တရာယ်မဖြစ်စေရေး ​စောင့်ကြည့်လူနာများ ​ရောဂါမပြန့်ပွား​စေရန် အသုံးပြုနိုင်​ရေး အာဟာရ ပြည့်ဝပြီး ကိုယ်ခံအား​ကောင်း​စေ​ရေးတို့အတွက် ၁,၇၄၄,၀၀၀ တန်ဖိုးရှိ Tipo မုန့် စက္ကူပုံး ၁၆၀၀ ပုံး၊ ကျန်းမာ​ရေးအတွက် မရှိမဖြစ်လိုအပ်​သော တန်ဖိုး ၁၅၀,၀၀၀ ရှိ လက်သန့်​ဆေး Hand Sanitizer 5L ၁၅ ပုံး၊ ၁၅၀,၀၀၀ တန်ဖိုးရှိ ပိုးသတ်​ဆေး၊ Sodium Hypochlorite Spray ၁၅ ပုံးတို့အား M-PRIDE Co.Ltd မှ အလှူရှင်များက ​​ပေးအပ်လှူဒါန်းခဲ့ရာ Hlaing Quarantine Center တာဝန်ခံဆရာမ ​ဒေါက်တာစုစုလှိုင်က လက်ခံရယူခဲ့​ကြောင်း သတင်းရရှိသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)