မိုင်းပန်မြို့နယ်၊ မိုက်ပုတ်(ပန်ပိ)ကျေးရွာနှင့် နောင်ချိုကျေးရွာတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများမှ Hand Speaker ဖြင့် လိုက်လံဆော်ဩ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စု၊ မိုက်ပုတ်(ပန်ပိ) ကျေးရွာနှင့် နောင်ချိုကျေးရွာတို့တွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျေးရွာနေပြည်သူများ သိရှိလိုက်နာရန်လိုအပ်သည့် အချက်အလက်များအား ကျေးလက်ကျန်းမာရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများမှ ကျေးရွာအတွင်း လှည့်လည်၍ Hand Speaker ဖြင့် လိုက်လံဆော်ဩခဲ့ကြောင်း သိရသည်။