ဗန်းမောက်မြို့နယ် စည်ပင်သာယာစျေးအား မြို့နယ်အားကစားကွင်းအတွင်းသို့ ယာယီပျံကျစျေး ပြောင်းရွှေ့ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ကူးစက်မြန် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စည်ပင် သာယာစျေးကြီးမှ မြို့နယ်အားကစားကွင်းအတွင်းသို့ ယာယီပျံကျစျေးကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ပြောင်းရွှေ့ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၌ ကိုယ်ဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် လူမှုရေးပရဟိတအသင်းများပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းမှစ၍ လွိုင်လင်မြို့နယ်၊ ကွတ်ချိုးကျေးရွာ၊ ပန်ခေါက်ဝိုးကျေးရွာနှင့် နောင်ဟူးကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ဒေးဒရဲမြို့နယ်၌ မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များအား တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ လုပ်ငန်းစဉ် များအား တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပ ခဲ့သည်။

မူဆယ်မြို့၌ အသားထုတ်လုပ်ရောင်းချခွင့်လက်မှတ် စိစစ်ခြင်းနှင့် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး/ဈေးပြိုင်စနစ်ဖြင့် စိစစ်ရောင်းချခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ အသားထုတ်လုပ်ရောင်းချခွင့်လက်မှတ် စိစစ်ခြင်းနှင့် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး/ဈေးပြိုင်စနစ်ဖြင့် စိစစ်ရောင်းချခြင်း အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ယနေ့နံနက် (၉)နာရီအချိန် က မူဆယ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ကျင်းပသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ စပါးသီးနှံများအား ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ဓာတုပိုးသတ် ဆေးဖျန်းခြင်း လုပ်ငန်း ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ကဘရန်ခူးရပ်ကွက်၊ တောင်သူ ဦးလှတောပိုင် ဦးပိုင်အမှတ် (၉)၊ ကွင်းအမှတ်(oss) စိုက်ပျိုးဧရိယာ(၃)ဧကတွင် စပါးသီးနှံများ ပိုးမွှားရောဂါ ကာကွယ် နှိမ်နှင်းရေးအတွက် ဓာတုပိုးသတ် ဆေးဖြန်းခြင်းလုပ်ငန်းကို ယနေနံနက် ၉ နာရီခန့်က စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ သွားရောက် ဆောင်ရွက်ခဲ့သည်။

သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့တွင် ၂၀၂၀ - ပြည့်နှစ် ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အထူးရဲများ ခန့်အပ်သွားမည်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ၂၀၂၀ - ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံအေးချမ်းစွာ မဲပေးနိုင်ရေးအတွက် အထူးရဲ (၁၃၀) ဦးခန့် အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဂေဟာနှင့် ရိပ်သာများသို့ ထောက်ပံ့ငွေများ ပေးအပ်

ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ သနပ်ပင်လမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀နာရီက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဂေဟာနှင့် ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ မီတာဘေဖြန့်ဝေရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမခံရစေရေး ဂရုပြုဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မီတာဘေဖြန့်ဝေရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ဂရုပြု ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်က မြို့နယ် လျှပ်စစ်အင်ဂျင် နီယာရုံး၌ ပြုလုပ်ခဲ့သည်။

ငဖဲမြို့နယ်၌ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာအုပ်စုများတွင် မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်း လုပ်ငန်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူ များအား မျိုးစပါးမျိုးကောင်းမျိုးသန့် ထုတ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မျိုးစေ့ထုတ် စိုက်ခင်းများ
Subscribe to