လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရပ်ကွက်/ကျေးရွာများအတွင်းရှိ လမ်းသွယ်များတွင် ပိတ်ဆို့၍ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လူဝင် လူထွက် စိစစ်ခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် လမ်းသွယ်များ ပိတ်ဆို့၍ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လူဝင်၊ လူထွက် စိစစ်ခြင်းဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းမှစ၍ ဆောင်ရွက်သည်။

သံတောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် အသိပညာပေးဆော်ဩခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ Mask များအခမဲ့ဖြန့်ဝေခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ လိုက်နာရန်စည်းကမ်း ချက်များ စဉ်ဆက်မပြတ် အသိပေးနှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပြည်သူများအား စဉ်ဆက်မပြတ် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင် များအား စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ လမ်းညွှန် မှုဖြင့် ကျန်းမာရေး၊ ပညာရေး၊ မီးသတ်၊ စည်ပင်၊ စားသုံးသူရေးရာ ဦးစီးဌာန တို့ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီက ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ် နိုင်ရေးအတွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၄၉)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသား (၂၉)ဦး၊ အမျိုးသမီး (၂၀)ဦး စုစုပေါင်း (၄၉)ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင် ခဲ့ပါသည်။

ဖျာပုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန်အသိပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး အတွက်မြို့နယ်အတွင်း အစားအသောက်ရောင်းချနေသည့် ဈေးဆိုင်များကို စက်တင်ဘာလ ၁၂ ရက်နေ့မှစ၍ ပါဆယ်စနစ်ဖြင့်သာရောင်းချရန် ပြည်သူများသို့ အသိပေးကြေညာခြင်းကို ယနေ့ ညနေ ၃နာရီအချိန်တွင် အသံချဲ့စက်များဖြင့် လှည်လည်အသိပေးကြေညာခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့တွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် ရုံးအဆောက်အဦ တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်ရုံး အဆောင်အဦ တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မိုးညှင်း၌ ရွှေသီးနှံမျိုးစေ့ထုတ် သမဝါယမအသင်းသား တောင်သူ ၁၁ ဦးအတွက် ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ရှိရွှေသီးနှံမျိုးစေ့ထုတ် သမဝါယမအသင်းသား တောင်သူ ၁၁ ဦး၏ မိုးစပါးမျိုးစေ့ထုတ် ဧက ၄၀ အတွက် ငွေကျပ် ၅၉၂၀၀၀၀ ကို ယနေ့ မွန်းလွဲ(၁၂)နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စီမံချက်များနှင့်အညီ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ကာလအတွင်း ပြည်သူ့စာကြည့်တိုက်၌ Online စနစ်ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်−၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက စတင်၍ ပြည်သူ့စာကြည့်တိုက် စာအုပ်စာစောင်ငှားရမ်းခြင်း၊ ဖတ်ရှုခြင်းကို ခေတ္တယာယီ ပိတ်ထားကြောင်း သိရသည်။

မိုးနဲမြို့၌ Quarantine Centre ဝင်ရောက်နေသော နေရပ်ပြန်ပြည်သူများအတွက် နမ့်ခုံး ရှမ်းများ ပရဟိတအသင်းမှ တစ်ကိုယ်ရေသုံးပစ္စည်းများဆက်လက်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ တောင်ကြီးမြို့ နမ့်ခုံး ရှမ်းများ ပရဟိတ အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က Quarantine Center တွင် ဝင်ရောက်‌နေသည့် နေရပ်ပြန်ပြည်သူ များအား COVID-19 ရောဂါကာကွယ်ရေးအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများ ဆက်လက် လှူဒါန်း‌‌ပေး ခြင်း ကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က မိုးကုပ်ရိပ်သာ ဘုန်းတော်ကြီးကျောင်း၌ လာ‌ရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to