မြိတ်မြို့နယ်အတွင်း ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဖွံ့ဖြိုးမှုလိုအပ်လျက်ရှိသည့် ကျေးရွာ (၁၅) ရွာ၌ Cash for Work စီမံကိန်းနှင့် VRFP စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ဖွံ့ဖြိုးမှုလိုအပ်လျက်ရှိသည့် ကျေးရွာ (၁၅) ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် ( Covid-19 Economic Relife Plan) ဖြင့် Cash for work စီမံကိန်း နှင့် Village Revolving Fund Project (VRFP) စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဇလွန်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ခုနှစ်အတွက် COVID-19 Economic Relief Plan (CERP) ၏ Action Plan အရ ငါးမွေးမြူရေးလုပ်ငန်း ဦးမော့လာစေရန်အတွက် နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက် (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် ကျုံရှကျေးရွာအုပ်စုနှင့် မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျုံတနော်ကျေးရွာအုပ်စုတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

သန်လျင်၌ ကိုဗစ်ကာလအတွင်း ပြည်သူများသို့ထောက်ပံ့

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် သောက်တော်တွင်းရပ်ကွက်၊ သောက်တော်တွင်း လမ်းသွယ် (၁)လမ်းတွင် ကိုဗစ်အတည် ပြု ပိုးတွေ့လူနာရှိခဲ့ရာ အဆိုပါလမ်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ အိမ်ထောင်စု(၄၄)စုအား ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ပရဟိတ အဖွဲ့၊ နာရေးကူညီမှုအဖွဲ့နှင့် စေတနာရှင်များ စုပေါင်း၍ ယနေ့တွင် အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရ သည်။

ရှားတောမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

ကယားပြည်နည်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့ နံနက်(၇)နာရီ အချိန်က မြို့ဦးစေတီဘုရားရင်ပြင်နှင့် ပတ်ဝန်းကျင်တွင် ဆောင်ရွက်ခဲ့သည်။

သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကောက်ယူထားသောမဲစာရင်းတွင် အမည်ပါဝင်ပြီးနိုင်ငံသားစိစစ်ရေးကတ်ပြား နံပါတ်လစ်လပ်နေမှုများအား ကွက်လပ်ဖြည့်သွင်းခြင်းနှင့် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို စက်တင်ဘာလ (၁၁) ရက်က တောင်သာမြို့နယ် ဝါးကြီးအိုင်ကျေးရွာသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကလောမြို့နယ်၌ ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေရေးအတွက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် တောင်လားကျေးရွာအုပ်စု၊ မြင်းစိုင်းကုန်းကျေးရွာတွင် ဘိန်းစိုက်ပျိုးမှု လျော့နည်း ပပျောက်စေရေးအတွက် ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်ဟုန်မြှင့်‌ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်ရန် ညှိနှိုင်းအစည်း အဝေးကို ယနေ့ နေ့လယ် ၂ နာရီက မြို့သစ်မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချူပ်ရေးအတွက် Mask များ စနစ်တကျတပ်ဆင်စေရေး၊ ယနေ့နံနက် (၉) နာရီက အုန်းပင်ခြံလမ်းဆုံ ရန်ကုန် - မန္တလေးလမ်းမပေါ်တွင် ပြည်သူများအား Mask Campaign ပြုလုပ်ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် အခြေခံပညာကျောင်းများအတွက် ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံများပေးပို့

မန္တလေးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ငါန်းဇွန်မြို့နယ် အတွင်းရှိ အခြေခံပညာ(ထက်၊ လယ်၊ မူ)ကျောင်းများအတွက် ချထားပေးသော ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံများ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က မြို့နယ်ပညာရေးမှူးရုံးသို့ပေးပို့ခဲ့ကြောင်း သိရသည်။
Subscribe to