ဖားကန့်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ် ၁၇၁၂ နှင့် ရန်ကုန် - မြစ်ကြီးနား လေယာဉ်အတူစီးခဲ့သူ လေးဦးနှင့် မိသားစုဝင်များအား အသွားအလာကန့်သတ်ထားရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် နီးကပ်ထိတွေ့မှု ရှိသူများအား စုံစမ်းဖော်ထုတ်ပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်မှုများ ဆောင်ရွက် လျက်ရှိရာ ဖားကန့်မှ ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ် ၁၇၁၂ နှင့် ဩဂုတ် ၁၃ ရက်နေ့က ရန်ကုန်မှ မြစ်ကြီးနားသို့ Air Than lwin လေယာဉ်ဖြင့် လေယာဉ်တစ်စီးတည်း အတူစီးခဲ့သူ လေးဦးအပါအဝင် အတူနေမိသားစုလေးဦးတို့အား စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၇ နာရီတွင် ယူမာကျေးရွာရှိ အိုးအိမ်ဝန်ထမ်းအိမ်ရာ၌ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားလိုက်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြစ်သားမြို့တွင် ဒုတိယအကြိမ်အဖြစ် "ကျန်းမာရေးစောင့်ရှောက်မှုစွမ်းရည်မြှင့်တင်ပေးရန်အတွက် Mobile Tablets အသုံးပြု မြို့နယ်အဆင့် မွမ်းမံသင်တန်း"ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယအကြိမ် "Reorientation Training for PHS 2 Through Mobile Tablets" မြို့နယ်အဆင့် မွမ်းမံသင်တန်းကို ယနေ့နံနက် (၉) နာရီက မြို့နယ်ပြည်သူ့ဆေးရုံသင်တန်းခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထီးလင်းတွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများအား နိုင်ငံတော်မှထောက်ပံ့ငွေ ဒုတိယအကြိမ် ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီခွဲက ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဝိုင်းမော်မြို့နယ်၌ ဒုတိယ(၆)လပတ်၊ ဒုတိယအကြိမ် ကျွဲ၊ နွား လည်ချောင်းကွဲ ကာကွယ်ဆေးထိုးနှံ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာ၌ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒုတိယ(၆)လပတ်၊ ဒုတိယအကြိမ် ကျွဲ၊ နွားလည်ချောင်းကွဲ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၇) နာရီက ကွင်းဆင်းထိုးနှံပေးခဲ့သည်။

တပ်ကုန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask)အသစ် ပေးခြင်းနှင့် လက်သန့်ဆေးရည် ဖျန်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန် က မြို့တွင်း လူစည်ကားသည့် မြို့မဈေးအတွင်းနှင့် မြို့မဈေးအနီး ဗိုလ်ချုပ်လမ်းနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ (၅)နာရီတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စွမ်းအား ခန်းမတွင် ကျင်းပခဲ့သည်။

ဝိုင်းမော်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်စည်း (Mask)များနှင့် လက်သန့်ဆေးရည်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း များဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်၌ မြို့ဝင်ဂိတ်၊ ညနေဈေးနှင့် သာဂရဈေးတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဘုရင့်နောင်လမ်းကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်‌ငန်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဘုရင့်နောင်လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဌေးနှင့် တာ၀န်ရှိသူများက ယမန်နေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။

ဟိုပုံးမြို့ မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးတို့အတွက် မြို့မဈေး၌ နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီ အချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးကျေးရွာ ပြည်သူ (၁၀၄) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးကျေးရွာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာပြည်သူ (၁၀၄) ဦးအား ယနေ့နံနက် ၉ နာရီ က အဆိုပါကျေးရွာ ဓမ္မာရုံတွင်ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to