မိုးနဲမြို့၌ အစေ့ထုတ်ပြောင်း စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန က ကိုဗစ်-၁၉ ရောဂါ ကာလ စိုက်ပျိုးရေးလုပ်ငန်းများ အထောက်အကူပြု ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မိုးသီးနှံအစေ့ထုတ်ပြောင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန် က နောင်မြိုင်း ကျေးရွာအုပ်စု နောင်မြိုင်းရွာ တောင်သူ ဦးရှောက်ဆီး စိုက်ပျိုးထားသော CP-808 ပြောင်းစိုက်ခင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများ က သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ် ရန်ပြိုလမ်းဈေးအတွင်း ဈေးရောင်းချသူများအား နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန် အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ရန်ကုန် အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း (တောင်)ရပ်ကွက်၊ ရန်ပြိုဈေးအတွင်းဈေး ရောင်းချသူများအား နှာခေါင်းစည်း (Mask) များ တပ်ဆင်ရန် အသိပေးနှိုး‌ဆော်ခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ Economic Relief Plan ၌ ပါဝင်သည့် Action Plan အရ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရန်အတွက် ငါးမွေးမြူသူများအား ငါးသားပေါက်များ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ဟိုပုံးမြို့ မြို့မဈေး၌ ဈေးသည်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးတို့အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့မဈေးသို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယနေ့ နံနက် ၁၀ နာရီအချိန် က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညမထွက်ရအမိန့် နှိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ရောဂါကူးစက်မှု ပျံ့နှံ့မှုကို ထိန်းချူပ်နိုင်ရန်အတွက် ညမထွက်ရအမိန့် နှိုးဆော် ခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်အားလုံးတွင် ယမန်နေ့ ညနေပိုင်း(၆)နာရီက လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမဖြစ်စေရေး ပြည်သူများ နှာခေါင်းစည်းများစနစ်တကျတပ်ဆင်ရန် အသိပညာပေး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေး ပြည်သူများနှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်သွားကြစေရန် အသိပညာပေးခြင်းများကို ယနေ့နံနက် (၈) နာရီအချိန်မှစတင်ကာ သဲတောဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေခြင်းများကို ယနေ့ နံနက် ၁၀ နာရီက ယင်းမာပင် မြို့ မြို့မစည်ပင်သာယာစျေးရှေ့၌ စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေး အထူးရဲ(၉၇)ဦးခန့်အပ်သွားမည်

ကံမ စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၉၇)ဦး ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ဆန်(၇)ပြည်နှုန်း ထောက်ပံ့ပေးအပ်

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဈေးရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံစားကုန်ဖြစ်သော ဆန်များကို ဈေးရပ်ကွက်ဓမ္မာရုံ၌ ယနေ့နံနက် (၉:၀၀) နာရီအချိန် က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် မြို့နယ်အဆင့်ရွေးကောက်ပွဲဆိုင်ရာ စေစပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီခန့် က နန်းယွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to