ပလောက်မြို့အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များအကြောင်းသိရှိစေရန် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပုလောမြို့နယ်ရုံးမှ တာဝန်ရှိသူများနှင့် ပလောက်မြို့၊ ဟိတကာရီလူမှုကူညီရေးအသင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များနှင့်ဆင်ထိုးကြီးကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များအကြောင်းသိရှိစေရန် အသံချဲ့စက်များဖြင့် ယနေ့နံနက်(၈)နာရီအချိန်ခန့်က လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် အလယ်ဟန်ဒေါက်-ဘူး-ချီကျေးရွာချင်းဆက်လမ်း လမ်းတာချဲ့၍ မြေသားလမ်းဖောက် လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ် အတွင်း၌ ကျေးလက်ဒေသများရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာမှုအဆင်ပြေစေရန်နှင့်

ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀% ခွင့်ပြုပေးအပ်

ပဲခူးမြို့၊ဥဿာမြို့သစ်၊ (၆)ရပ်ကွက် သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် ယမန်နေ့နံနက်(၁၀) နာရီက လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်ရရှိသူများ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် နှာခေါင်းစည်း (Mask) များ လှူဒါန်း

လက်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် ကြက်ခြေနီစေတနာ့လုပ်အားရှင်များ အသုံးပြုနိုင်ရန် အတွက် စေတနာအလှူရှင် မိသားစုများက နှာခေါင်းစည်း(Mask)များကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံး၌ ပေးအပ်လှူဒါန်းခဲ့သည်။

ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတွင် စားသောက်ကုန်များနှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များသာ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည်

ရမည်းသင်းမြို့နယ်အတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတွင် စားသောက်ကုန်များနှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များကိုသာလျှင် ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည်ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ဆောင်ရွက်သော စပါးမျိုးစေ့ထုတ် စိုက်ခင်း ဧက ၇၀၀ စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ဧက ၇၀၀ စိုက်ပျိုး ပြီးစီးပြီဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သီပေါမြို့ ပရဟိတကွန်ရက်အဖွဲ့မှ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အဝင်အထွက်များ၌ ကျန်းမာရေး စစ်ရေးရေဂိတ်ကို စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်ခဲ့ရာ ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၇ နာရီက မယ်စဲ့မြို့အဝင် ရတနာရန်အောင် စေတီတော်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask)များ ဝေငှပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့နံနက် ၇ နာရီခန့်ကစ၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask)များ ဝေငှပေးခဲ့ကြသည်။

မိုင်းပန်မြို့၌ ကွင်းဆင်း၍ လုပ်ငန်းဆောင်ရွက်နေရသော ဝန်ထမ်းများအတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များပေးဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း ကွင်းဆင်း၍ လုပ်ငန်းဆောင်ရွက် ရသည့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများ အတွက် နှာခေါင်းစည်းနှင့် လက်ဆေးဂျယ်များအား ယနေ့ နံနက် (၁ဝ) နာရီအချိန်က နမ့်ပန်ခန်းမ အတွင်း၌ ပေးဝေခဲ့ကြောင်းသိရသည်။
Subscribe to