ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် နှလုံးလှအင်းမောင်မယ်အဖွဲ့ လူငယ်များက ညောင်ရွှေမြို့၌ ယနေ့နံနက်ပိုင်းတွင် ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရေဇွာမြို့ခြောက်လမ်းဆုံတွင် ဒုတိယအကြိမ် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ချင်းပြည်နယ်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရန်အတွက် ရေဇွာမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များနှင့် လူငယ်များ ပူးပေါင်းပြီး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချနေသာ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများသည် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များမှ တစ်ဆင့် ပြည်တွင်းကူးစက်နိုင်ကြောင်းသိရှိရပြီး ရောဂါကူးစက်မှုမရှိစေရေးအတွက် မူဆယ်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက် ဖက်ရည်ဆိုင်များကို မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်း က လိုက်လံကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဘုတလင်မြို့၊ ဘောလုံးကွင်း ပွဲကြည့်စင် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ပြည်သူ့ အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း ပွဲကြည့်စင် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြမွန် ထံမှ သိရသည်။

ညောင်ဦးမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အကြို (World Ozone Day) နှာခေါင်းစည်းများ လိုက်လံပေးဝေ

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်နေ့ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အကြိုအဖြစ် ယနေ့နံနက် ၈ နာရီအချိန်က ညောင်ဦးမြို့၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ နှာခေါင်းစည်းများဝေပေးခဲ့ကြောင်း ဒေါ်မြတ်နိုးဝေ (ဦးစီးအရာရှိ) က ပြောကြားသည်။

ထန်တလန်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး ရောင်ပြန်(Sticker) များ ကပ်နှိပ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်း စီးနင်းလျက်ရှိသော မော်တော်ယာဉ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရေးနှင့် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နည်းစေရေးရည်ရွယ်၍ ရောင်ပြန်(sticker) ကပ်နှိပ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ဗိုလ်ချုပ်လမ်းဆုံး၌ အမှတ် (၁၀၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံး၊ (ထန်တလန်မြို့) မှ ယာဉ်ထိန်းရဲအုပ် စိုးဝင်းသန်းဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြသည်။

လှိုင်မြို့နယ်တွင် ညမထွက်ရ အမိန့် လိုက်နာခြင်းရှိ/ မရှိ စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူ ပြုနိုင်ရေးအတွက် ညမထွက်ရအမိန့်အား လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယမန်နေ့ညအချိန်က ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဆကာကြီးကျေးရွာအုပ်စု အတွင်းရှိ ကော်မရှင်မဲစာရင်းတွင် အမည်ပါပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ဖြည့်သွင်းရန် ကျန်ရှိသူများနှင့် အမှန်တကယ် နိုင်ငံသားစိစစ်ရေး ကတ်ပြား မပြုလုပ်ရသေးသူများအား ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့ ၌ အသက်(၈၅)နှစ်နှင့် အထက်အဖိုးအဖွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထ သုံးလပတ်အတွက် အသက် ၈၅ နှစ် နှင့် အထက် အဖိုးအဖွားများအား ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ ၃နာရီက နတ်မောက်မြို့ ရန်အောင်မြင် ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေး ခဲ့ကြသည်။

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ အထူးရဲနည်းပြ (ဆင့်ပွား) သင်တန်း (၁/၂၀၂၀) ဆင်းပွဲ ကျင်းပ

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပသည့် အထူးရဲနည်းပြ(ဆင့်ပွား)သင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲကို မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရာမညဇာနည်ခန်းမ၌
Subscribe to