တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ အဆင်ပြေစေရန် စားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ရန်ကုန် စက်တင်ဘာလ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆားနှင့် ကြက်ဥ  များကို ယမန်နေ့ ညနေပိုင်းအချိန်က ထောက်ပံပေးအပ်ခဲ့ကြသည်။

အဆိုပါ ထောက်ပံ့မှုတွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း တပ်ဖွဲ့ဝင်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြေညာချက် များအတိုင်း လူစုလူဝေး မဖြစ်စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၏ တာဝန်ရှိသူများအနေဖြင့် ရပ်ကွက်အလိုက် သွားရောက်ကာ စားသုံးကုန်ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ဆားနှင့် ကြက်ဥများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မင်းနှင့် အရန်မီးသတ်တပ်ဖွဲ့၏ ဒုတပ်ရင်းမှူး ဦးလှထွန်းတို့ ဦးဆောင်ပြီး မြို့နယ်အတွင်းရှိ  အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကြက်ဥများအား ရပ်ကွက်အလိုက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)