ရန်ကုန် စက်တင်ဘာ ၁၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက ဦးဆောင်၍ မဖြစ်မနေ လမ်းထွက်သွားလာနေကြသူများ နှာခေါင်းစည်းတပ်ဆင်ရေး၊ မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၊ ဈေးများနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် လူစုလူဝေးများ မဖြစ်စေရေး လိုက်လံနှိုးဆော်ခြင်း၊ Maskများ အခမဲ့ လိုက်လံဝေငှတပ်ဆင်ပေးခြင်း၊ YBS ကားများပေါ်တွင်လည်း ခရီးသည်များအား mask များအခမဲ့လိုက်လံဖြန့်ဝေခြင်း၊ ခရီးသည်များ လက်ဆေးနိုင်ရန်အတွက် လက်သန့်ဆေးရည်ဗူးများ ထားရှိပေးခြင်း၊ မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေးအတွက် အသံချဲ့စက်များဖြင့် လိုက်လံကြေငြာခြင်း၊ ဒေသန္တရအမိန့်ထုတ်ပြန်ချက်များ ကြေငြာပေးခြင်းအစရှိသည့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရေးလုပ်ငန်း Campaign များကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ယမန်နေ့ နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၂၂)ရပ်ကွက်တွင် မိဘပြည်သူများထံ mask များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး mask တပ်ဆင်အသုံးပြုနည်းများကိုလည်း ထပ်မံအသိပေး လက်တွေ့ပြသ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)