ညောင်ဦးမြို့၌ ရွေးကောက်ပွဲဆိုင်ရာဆင့်ပွားသင်တန်းအား (၂) နေရာခွဲ၍ဖွင့်လှစ်

ညောင်ဦး၊ စက်တင်ဘာ ၁၆

(၁၀၇) မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာဆင့်ပွားသင်တန်းကို ညောင်ဦးမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အနော်ရထာခန်းမနှင့် မြို့နယ်ကော်မရှင်ရုံး အစည်းအဝေးခန်းမတို့၌ (၂) နေရာခွဲ၍  ယမန်နေ့နံနက် ၈ နာရီခွဲက ဖွင့်လှစ်ပို့ချခဲ့ကြောင်း ညောင်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးထံမှ သိရသည်။

ထိုညောင်ဦးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာဆင့်ပွားသင်တန်းကို စက်တင်ဘာ ၁၄ ရက်နေ့မှ စက်တင်ဘာ ၁၆ ရက်နေ့အထိ () ရက်ကြာ နှစ်နေရာခွဲ၍ ပို့ချရာ၌ ရပ်ကွက်/ကျေးရွာအုပ်စု (၉၂) အုပ်စုမှ ကော်မရှင်ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး(၁၈၄) ဦး တက်ရောက်သည်။ ထို့ပြင် ကျန်ရှိနေသည့် ကော်မရှင်အဖွဲ့ဝင်များအား သင်တန်းတက်ရောက်ပြီးသူများမှ မိမိတို့အုပ်စုအလိုက် ဆင့်ပွား သင်တန်း ပြန်လည်ပို့ချမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်မြင့်အောင်ထံမှ သိရသည်။

ကျော်မင်းဦး(ရေနံချောင်း)