တံတားဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အထူးရဲ ၂၀၄ ဦး ခန့်အပ်မည်

တံတားဦး၊ စက်တင်ဘာ ၁၆

၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာလ (ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တံတားဦးမြို့နယ်အတွင်းရှိ မဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ရန် ရွေးကောက်ပွဲအတွက် အထူးရဲ ၂၀၄ ဦး ခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် ရဲဖွဲ့မှူး ရဲမှူး အေးနိုင်ဦးထံမှ သိသည်။

တံတားဦးမြို့နယ်တွင် လက်ရှိမဲရုံအရေအတွက်အတိုင်း မဲရုံတစ်ရုံကို အထူးရဲတစ်ဦးနှုန်း ခန့် အပ်သွားမည်ဖြစ်ကြောင်း ရွေးချယ်ခန့်အပ်မည့် အထူးရဲအရေအတွက် နှစ်ရာခိုင်နှုန်းကိုလည်း အပိုစုဆောင်းထားရှိပါကြောင်း အထူးရဲရွေးချယ်ခံရသူများကိုလည်း သင်တန်းပေးလေ့ကျင့်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သင်တန်းတွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့်ဥပဒေ အကြောင်းအရာများ၊ အခြေခံစစ်ရေးပြ စသည့်တို့ကိုလည်း စာတွေ့လက်တွေ့သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

အထူးရဲတပ်ဖွဲ့ဝင်များအတွက် ရသင့်ရထိုက်သောလစာနှင့်ရိက္ခာကိုလည်း ထောက်ပံ့ပေးအပ် မည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲအတွက် အထူးရဲတပ်ဖွဲ့ဝင်များ၏ သက်တမ်းမှာ စတင်ခန့် အပ်သည့်နေ့မှ ရွေးကောက်ပွဲကာလအတွင်း အထိသာခန့်အပ်မည်ဖြစ်ပြီး သာမန်အရပ်သား များထဲမှ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများကို ရွေးရွယ်ခန့်အပ်မည်ဖြစ်ကြောင်း အထူးရဲတာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံရများသည် မိမိတို့နေထိုင်သည့် ရပ်ကွက်၊ ကျေးရွာများရှိ မဲရုံများတွင် ဦးစားပေးတာဝန်ချထားပေးမည်ဖြစ်ကြောင်း အထူးရဲ၏လုပ်ငန်းတာဝန်များမှာ မဲရုံလုံခြုံရေး၊ ဆန္ဒမဲပေးသူများ လွတ်လပ်စွာမဲပေးနိုင်ရေး၊ မဲရုံပရဝုဏ်အတွင်း မသက် ဆိုင်သူများ ဝင်ရောက်မှုမရှိရေး၊ ဆန္ဒမဲလက်မှတ်ထုတ်ယူခြင်းနှင့် မဲလက်မှတ်များ မြို့နယ်သို့ ပြန်လည်ပေးပို့ရာတွင် လုံခြုံရေးလိုက်ပါဆောင်ရွက်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒုတိယ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ညီညီထွေးက ပြောပြ၍သိရသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)