ဂန့်ဂေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ဂန့်ဂေါ စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဂန့်ဂေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် သဘာဝဘေး အန္တရာယ်များကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ပြစ်မကျေးရွာနှင့် လယ်မကျေးရွာတို့တွင် အသိပေးနှိုးဆော်ခဲ့ကြသည်။  

ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ကူးစက်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်၊ နေအိမ်ပြင်ပထွက်ခွာလျှင် ပါးစပ်နှင့်နှာခေါင်းစည်း Mask များမဖြစ်မနေတပ်ဆင်၍ သွားလာကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော စည်းကမ်းချက်များအား တိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး နှင့်လေပြင်းဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ထားရှိရေး အသိပညာပေးနှိုးဆော်ခြင်းများကို Hand Speaker များ အသုံးပြု၍ ဂန့်ဂေါခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော် နှင့်ဝန်ထမ်းများက အသိပေးကြေညာခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သည့် မိုးကြိုးဘေး၊ လေပြင်းဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်နိုင်ရေး အသိ ပညာပေး လက်ကမ်း စာစောင်များကိုလည်း ကျေးရွာနေပြည်သူများ၏ နေအိမ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

မျိုးမင်းသန်း(ပြန်/ဆက်)