ပုဇွန်တောင် စက်တင်ဘာ ၁၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အသိပညာပေးခြင်း နှိုးဆော်ချက်များအား ညစဉ်လှည့်လည်၍ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များက ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ ကြေညာဆောင်ရွက်ရာတွင် ရပ်ကွက် (၁၀) ရပ်ကွက်အတွင်းရှိ ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ (၁၀) ရက်နေ့ နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း သွားလာမှုရှိခဲ့သူများ မိမိတို့မြို့နယ်အတွင်း ပြန်လည်ရောက်ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးနှင့် ကျန်းမာရေးဌာနများသို့ သတင်းပို့ရန်လိုကြောင်း၊ နေ့စဉ် ည ၁၂ နာရီမှ နောက်တစ်နေ့နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားမှုအပေါ် ပြည်သူများ လိုက်နာဆောင်ရွက်ရန်နှင့် မလိုက်နာပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတိပေး နှိုးဆော်ချက်များနှင့် ဂရုပြုလိုက်နာရမည့် အချက်များဖြစ်သည့် ပြင်ပထွက်ခွာတိုင်း Mask တပ်ဆင်ရန် ၊ တစ်ဦးနှင့်တစ်ဦး (၆) ပေခွာနေထိုင်ရန်၊ လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် ဆေးကြောပေးရန် စသည့်အချက်များကို လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း တို့ကို ပြည်သူများ သိရှိနိုင်ရန် ကြေညာဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေခြည်(ပြန်/ဆက်)