နောင်မွန် စက်တင်ဘာ ၁၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရဲမှုထမ်းဟောင်းများအား ကိုဗစ်-၁၉ ကာလအတွင်း တစ်ဖက်တစ်လမ်းမှ မိသားစုစားဝတ်နေရေး အထောက်အကူ ဖြစ်စေရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အစီအစဉ်ဖြင့် ရဲမှုထမ်းဟောင်းများအား အခြေခံ စားသောက်ကုန် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ ခန့်က နောင်မွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးခန်းမ၌ ကျင်းပသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် နောင်မွန်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသန်းအောင်က ရဲမှုထမ်းဟောင်းများအား ဂုဏ်ပြုစကားနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသန်းအောင်က ဆန်၊ ဆီစသည့် အခြေခံစားသောက်ကုန်များကို ရဲမှုထမ်းဟောင်း (၈)ဦးအားတစ်ဦးလျှင် ဆန်(၆)ပြည်နှင့် ဆီ(၅ဝ)ကျပ်သားစီ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မြနန်း(ပြန်/ဆက်)