ထားဝယ်မြို့တွင် ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်သွားလာခြင်း ရှိ၊ မရှိ စစ်ဆေး

ထားဝယ်၊ စက်တင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ကရပ်ပြင်မီးပွိုင့်လမ်းဆုံနှင့် မီးသတ်လမ်းဆုံများတွင် နှာခေါင်းစည်းတပ်ဆင်ခြင်းမပြုဘဲ သွားလာနေသူများအား ဒဏ်ငွေ (၅၀၀၀) ကျပ်နှင့်ညီမျှသော နှာခေါင်းစည်းများ ဝယ်ယူစေပြီး ပြစ်ဒဏ်ချမှတ်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာနမီးသတ်ဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ခရီးသွားလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် လူတိုင်းကို နှာခေါင်းစည်းတပ်စေလိုသောအားဖြင့် နှာခေါင်းစည်းမတပ်သောသူများကို ငွေကျပ် (၅၀၀၀) နှင့်ညီမျှသော နှာခေါင်းစည်းများ ဝယ်ယူစေပြီး ပြစ်ဒဏ်များချမှတ်ခဲ့သည်

အဆိုပါ အဖွဲ့သည် ထားဝယ်မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ထွက်ခွာရာတွင် နှာခေါင်းစည်းတပ်ဆင်သွားလာ ကြရန် မကြာခဏလက်ဆေးကြရန်၊ လူစုလူဝေးရှောင်ပြီး သတ်မှတ်အကွာအဝေးအတိုင်း နေထိုင်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်

ကျော်ကျော်လတ်(ပြန်/ဆက်)