လိပ်သို၊ စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် တောင်ငူမြို့ ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) မှ ကိုဗစ် ၁၉ ရောဂါ ကာကွယ်တားဆီးတုံ့ပြန်ရေးစီမံချက်အရ လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့ နေ့လယ်ပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တောင်ငူမြို့ (KMSS) မှ (Mask) (၁၀၀) ဗူး၊ Face Shield (၁၀၀) ခု၊ Hand Jel (၅၀) ဗူး၊ Hand Wash (၈၀) ဗူး စသည့် အထောက်အကူပြု ပစ္စည်းများကို လိပ်သိုမြို့အ၀င် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး စစ်ဆေးရေးဂိတ်နှင့် လိပ်သိုမြို့ Quarantine Center တို့အတွက် ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများကို တောင်ငူမြို့ ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) မှ တာ၀န်ခံစီမံကိန်းမန်နေဂျာ ဦးစောသန်းမြနှင့် ဦးစောသူရချစ်တို့က ပေးအပ်ခဲ့ရာ လိပ်သိုမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)