ဘုရားသုံးဆူမြို့တွင် Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဘုရားသုံးဆူ၊ စက်တင်ဘာ ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြိုတွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ် ထိန်း ချုပ်ရေးကာလအတွင်း မြို့တွင်း၌ သွာလာနေသောပြည်သူများအား Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး မြို့တွင်းအချက်အချာကျသော နေရာများတွင် ဌာနဆိုင်ရာများ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ယနေ့နံနက် ၈ နာရီမှ စတင် ၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဆောင်ရွက်မှုများကို မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးဦးဆောင်၍ ဌာနာဆိုင်ရာများနှင့် တာဝန်ရှိသူများစုပေါင်း၍ မြို့အချက်အချာနေရာများတွင် စစ်ဆေးဆောင်ရွက်ခဲ့ပြီး အဆိုပါ စစ်ဆေးမှုများအား နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စောရဲဝင်းထွဋ် (ပြန်/ဆက်)