စစ်ကိုင်း စက်တင်ဘာ ၁၆
စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်ရှိ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းမှ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်လာသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
"ကျွန်တော်တို့ အဖွဲ့အနေနဲ့ အလှူရှင်တွေက ပြည်သူတွေကို နှာခေါင်းစည်းတွေ ဖြန့်ဝေပေး ချင်ပါတယ် ဆိုလို့ ကူညီဆောင် ရွက်ပေးတာပါ သွားလာနေကြတဲ့ ပြည်သူတွေ ကိုနှာခေါင်းစည်းများ တပ်ဆင်သွားလာကြဖို့ အသိပညာပေးနှိုးဆော်ပေးပါတယ် နောက်ပြီး နှာခေါင်းစည်းတွေ အခမဲ့ဖြန့်ဝေ ပေးနေတာပါ ဒီရောဂါတွေက အခုဆိုနေရာဒေသအသီးသီးမှာ ပျံ့နှံ့နေပါပြီ တစ်ဦး တစ်ယောက်ကအစ ကျန်းမာရေးအသိပညာတွေရှိကြမှ ရောဂါကူးစက်မှုတွေ လျော့နည်းလာမှာပါ " ဟု ကျန်းမာရေးနှင့်လူမှု ကူညီရေးအသင်း မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍သိရသည်။
စစ်ကိုင်းမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရှိ ပရဟိတအဖွဲ့များ၊ အလှူရှင် များနှင့် အခြားလူမှုရေးအသင်းအဖွဲ့များကလည်း နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေခြင်း၊ လက်ဆေးရည်များ ဆေးကြောပေးခြင်း၊ အပူချိန်တိုင်းတာပေးပြီး ကျန်းမာရေးစစ်ဆေး မှုများကို နေ့စဉ်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။
ဇော်မြင့်နိုင်