အရာတော် စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် အတွင်းရှိ တောင်သူများသည်၊ ဆီထွက် သီးနှံဖြစ်သည့် အထွက်နှုန်းကောင်းသော ပင်ထောင်မြေပဲကို စိုက်ပျိုးကြရာ စျေးကောင်းသော်လည်း မိုးရွာသွန်းမှုနည်းသောကြောင့် မြေပဲအထွက်နှန်းလျှော့နည်း လျက်ရှိကြောင်း ပင်ထောင်မြေပဲစိုက် တောင်သူများထံမှ သိရသည်။
ပင်ထောင်မြေပဲသည် ဆီထွက်သီးနှံတွင် အကောင်းဆုံးစားသုံးဆီထွက် သီးနှံတစ်မျိုးဖြစ် သောကြောင့် ပင်ထောင်မြေပဲကို သဲမြေ၊နုန်းမြေများတွင် ဇွန်လပိုင်းမှစ၍ ပင်ထောင်မြေပဲ၊ မိုးမြေပဲကို စိုက်ပျိုးကြသည်။
ယခင်နှစ်က ပင်ထောင်မြေပဲအဆံ တစ်တင်းခွဲကို တစ်ဧက စိုက်ပျိုးရာ မိုးကောင်းသဖြင့် တစ်ဧကလျှင် တင်း(၅၀)အထိထွက်ရှိ၍ တစ်တင်းကျပ်(၈၀၀၀)စျေးရောင်းချရသဖြင့် ထွက်နှုန်း ကောင်းပြီး စျေးကောင်းရသောကြောင့် ပင်ထောင်မြေပဲကို စိုက်ပျိုးကြရာ ယခုနှစ်တွင် နောက်ပိုင်း မိုးရွာသွန်းမှုနည်းသောကြောင့် မြေပဲစျေးကောင်းသော်လည်း အထွက်နှုန်း နည်းကြောင်းတောင်သူ ဦးတင်ဝင်း ကပြောပြသည်။
သူရ(ပြန်/ဆက်)