စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် မြို့နယ်ပညာရေးမှူးရုံး တည်ဆောက်မှုလုပ်ငန်း (၉၃) ရာခိုင်နှုန်းကျော်ပြီးစီး

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်တောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် တည်ဆောက်လျက်ရှိသော မြို့နယ်ပညာရေးမှူးရုံးအသစ် တည်ဆောက်ရေး လုပ်ငန်းမှာ ယခုအခါ (၉၃) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

မိုးနဲမြို့၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ စိစစ်ချထားခြင်းနှင့် အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်များထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွက်အရပ်ရပ်အခွင့်အရေး လိုင်စင်များစိစစ်ချထားခြင်း နှင့် အသား ထုတ်လုပ်ရောင်းချခွင့် လက်မှတ်များ ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲလုပ်ငန်းများဆောင်ရွက်သည့်အခါ ဉပဒေ၊ နည်းဉပဒေများနှင့်အညီ ဆောင်ရွက်နိုင်စေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား အထွေထွေရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲခန့်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ယုဇနခန်းမ တို့၌ နှစ်နေရာခွဲ၍ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

ဖားကန့်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မျောချောင်းတိုက်စားမှုကြောင့် ကျေးရွာအချို့မှ လူနေအိမ် (၅)လုံး ပြိုကျပျက်စီးမှုဖြစ်ပေါ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာနှင့် မကာပင်ကျေးရွာတို့တွင် ယနေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မျောချောင်းတိုက်စားမှုကြောင့် လူနေအိမ်ငါးလုံး ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကွမ်းလုံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်(ဆင့်ပွား)သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်(ဆင့်ပွား)သင်တန်းကို ယနေ့ နံနက်(၈)နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် နှစ်သုတ်ခွဲ၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် Quarantine Centre အဖြစ် ဆောင်ရွက်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများထားရှိရန် Quarantine Centreကို (၂)ရပ်ကွက် မယ်လမုသုံးထပ်ဓမ္မာရုံတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်သည်များကို ကြိုတင်ပြင်ဆင်နိုင်ရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ယနေ့ နံနက် ၉ နာရီက ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွား(၂၅၁)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများ လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။

ဝန်းသိုမြို့၌ တစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေရ ရက်ကန်း ရက်လုပ်ရာတွင် အဆင်မပြေဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့တွင် ကိုဗစ်-၁၉ကာလအတွင်း အမျိုးသမီးများ၏ အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုဖြစ်သည့် ရက်ကန်း ရက်လုပ်ခြင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင် ရက်လုပ်ရာတွင် ချည်မှာယူ၍မရသောကြောင့် အဆင်မပြေဖြစ်နေကြောင်း သိရသည်။

နောင်ချိုမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အထူးရဲ(၈၅)ဦး နှင့် အရန်(၂)ဦး ခန့်အပ်သွားမည်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်မဲဆန္ဒရှင်ပြည်သူများလုံခြုံစိတ်ချစွာမဲပေးနိုင်ရေး အတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် နောင်ချိုမြို့နယ်တွင် အထူးရဲ (၈၅)ဦးနှင့် အရန် (၂)ဦး ခန့်အပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း ခင်ဦးမြို့ ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အား စက်တင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ရောဂါ ကူးစက်မှု မရှိစေရေး၊ ရောဂါကာကွယ်နိုင်ရေးတို့အတွက် ပြည်သူ့ဝန်ဆောင်မှုဖြစ်သော စာအုပ်/စာစောင်များ ငှားရမ်းခြင်းကို ခေတ္တယာယီပိတ်ထားကြောင်း သိရသည်။
Subscribe to