လှည်းကူး စက်တင်ဘာ ၁၆
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် အဝတ်နှာခေါင်းစည်း(Mask)များ တပ်ဆင်နိုင်ရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါရုံးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ လမ်းညွှန်ချက်အရ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမြင့်မားနေ၍ လှည်းကူးမြို့နယ်အတွင်း မီးဘေး၊ ရေဘေး၊ လေဘေးနှင့် သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါက အချိန်မီကယ်ဆယ်နိုင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များအား နှာခေါင်းစည်း(Mask)များအစား အဝတ်နှာခေါင်းစည်း(Mask)များကို တပ်ဆင်ပြီးမှ ဆောင်ရွက်ကြရန် ဒုတိမီးသတ်ဦးစီးမှူး ဦးတင်မျိုးလွင်က သရုပ်ပြ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်မျိုးလွင်နှင့်အဖွဲ့တို့မှ လှည်းကူးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၁)ရှိ နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ဒါးပိန် နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များအတွက် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် နှာခေါင်းစည်း(Mask)များအစား အဝတ်နှာခေါင်းစည်း (Mask)များကို တပ်ဆင်ပြီးမှ ဆောင်ရွက်ကြရန် သရုပ်ပြ ရှင်းလင်း ပြောကြားခဲ့သည်။
နိုင်လင်း(လှည်းကူး)