လသာ စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပ စေရေး ရှင်းလင်းဆောင်ရွက်နေကြသော သန့်ရှင်းရေးဝန်ထမ်းအား ကိုဗစ်- ၁၉ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်စေရေး အတွက် ယမန်နေ့ နံနက် (၉) နာရီက လမ်းတာဝန်ခံ ရုံးခန်းများတွင် စတင်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လသာမြို့နယ် မြို့နယ်စည်ပင် သန့်ရှင်းရေး ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်စေရန် လမ်းကြောင်းအသီးသီးမှ တာဝန်ခံရုံးသို့ ပြန်လည် ရောက်ရှိ လာပါက လက်များကို ဆပ်ပြာဖြင့်ဆေးကြောနိုင်စေရန် လက်ဆေးဘေစင်များ ဆောင်ရွက် ထားရှိခြင်း၊ ယူနီ ဖောင်းများကို ဆပ်ပြာစိမ်၍လျှော်ဖွတ်ခြင်း၊ လက်သန့်ဆေးရည်များ အသုံးပြုခြင်း နှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ နှာခေါင်းစည်း (Mask) များ၊ လက်အိတ်များနှင့် ခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ပြီးမှသာ လုပ်ငန်းများကိုဆောင်ရွက်ကြရန် ကြပ်မတ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
မေသူ(ပြန်/ဆက်)