မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေ သော အလင်းတန်း လက်ကမ်းစာစောင်များ ဖြန့်ဝေ

မင်းဘူး စက်တင်ဘာ  ၁၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေသော အလင်းတန်း လက်ကမ်းစာစောင်များကို မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက်  စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းသို့ တက်ရောက်နေကြသော ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအား ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အလင်းတန်းလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ရည် မှန်းချက် (၃) ရပ်၊ ကလေးအလုပ် သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး၊ ကလေး သူငယ် ဘဝဘေးကင်းလုံခြုံရေး၊ အသက်(၁၄)နှစ် မပြည့်သေး သောသူကို အလုပ်လုပ်ခွင့်မပြု၊ သင်အလုပ်ခန့်မည့် ကလေးသည် အသက်(၁၄)နှစ်ပြည့်ပြီးဖြစ်ပါစေ၊ ကလေးအလုပ်သမား အဓိပ္ပာယ်၊ အလုပ်လုပ်သော ကလေးများအား သင့်လျော်သလို နားနေရန် စီစဉ်ပေးပါ နှင့် ကျန်းမာရေးနှင့်စာရိတ္တကိုထိခိုက်စေပြီး ဘေးကင်းမှုမရှိသော အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် ကလေးများကို အလုပ်မခိုင်းစေရပါ စသည့် သတင်းစကား လက်ကမ်းစာစောင်များကို  မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်း ဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီက တာဝန်ခံ၍ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုးဝင်း(မင်းဘူး)