ရန်ကုန် စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ လျှပ်စစ်ဓာတ်အားလိုင်းများ ကောင်းမွန်စေရေးအတွက် ဓာတ်အားလိုင်းအသစ် လဲလှယ်တည်ဆောက်ခြင်း လုပ်ငန်းများကို မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ် ၆၆ / ၁၁ - ၆.၆ ကေဗွီ ၊ ၂၀ အမ်ဗွီအေ သုမင်္ဂလာ GIS ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသော ၆.၆ ကေဗွီ သုမင်္ဂလာ - တကောင်းဖီဒါ၏ ACSR 95 mm2 ဓာတ်အားလိုင်းပေ (၇၇၀) ခန့်အား SAC 120 mm2 ဖြင့် လဲလှယ်တည်ဆောက်ခြင်း၊ ၆.၆ ကေဗွီ သုမင်္ဂလာ - သီရိဇေယျာဖီဒါ၏ ACSR 95 mm2 ဓာတ်အားလိုင်းပေ (၁၉၀၀) ခန့်အား SAC 120 mm2 ဖြင့် လဲလှယ်တည်ဆောက်ခြင်း၊ ၆.၆ ကေဗွီ သုမင်္ဂလာ - သီရိဇေယျာဖီဒါ၏ ACSR 95 mm2 ဓာတ်အားလိုင်းပေ (၈၈၀) ခန့်အား SAC 120 mm2 ဖြင့် လဲလှယ်တည်ဆောက်ခြင်းနှင့် ၃၃ / ၁၁ - ၆.၆ ကေဗွီ ၊ ၂၀ အမ်ဗွီအေ ဗလ္လိက ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသော ၆.၆ ကေဗွီ သစ္စာ(၁)ဖီဒါ၏ ACSR 95 mm2 ဓာတ်အားလိုင်းပေ (၃၀၀၀) ခန့်အား SAC 120 mm2 ဖြင့် လဲလှယ်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်း၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုများမှာ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
နေထက်အောင်