နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ရုံးအဝင်ပေါက်ဝတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ နှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာနှိုးဆော်ခြင်းကို ယမန်နေ့ည (၇)နာရီအချိန်က နှိုးဆော်ခဲ့သည်။

လေရှီးမြို့၌ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့သည့် အသက် ရှစ်ဆယ့် ငါးနှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို ယမန်နေ့ ညနေက အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မဘိမ်းမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မဘိမ်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအား ရွေး ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

သမန်းနှိုးပေါင်းထိုးကိရိယာ အသုံးပြုခြင်းကြောင့် တောင်သူများအနေဖြင့် လယ်ယာလုပ်သား ရှားပါးမှုနှင့် ငွေကြေးကုန်ကျမှု သက်သာ

စစ်ကိုင်းတိုင်းဒေကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် သမန်းနှိုးပေါင်းထိုး ကိရိယာ အသုံးပြုခြင်းဖြင့် လယ်ယာ လုပ်သားရှားပါးမှုနှင့် ငွေကြေးကုန်ကျမှု သက်သာလျက်ရှိ ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မန်ကန်မြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် ပြည်တွင်းကူးစက်မှုများ မြင့်တက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

တန့်ဆည်မြို့နယ်၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ တန့်ဆည်မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီပွားရေးကုစားမှု အစီအစဉ်ဖြင့် (၁) ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းကို အိမ်အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ဟိုပန်၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၏ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမ တွင် ပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၌ ဒုတိယအကြိမ် မဲစာရင်းများကြေညာနိုင်ရေးနှင့် ပြည့်စုံမှန်ကန်မှုရှိစေရေး မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ဒုတိယအကြိမ် မဲစာရင်းများ ကြေငြာနိုင်ရေးနှင့်ပြည့်စုံမှန်ကန်မှုရှိစေရေး မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းအား စက်တင်ဘာလ (၁၆)ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့် က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျွန်းလှမြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ အမိန့်အမှတ်(၈/၂၀၂၀)ကို စက်တင်ဘာ (၁၅) ရက် ရက်ဖြင့် ညမထွက်ရ အမိန့်အား ထုတ်ပြန်ကြေညာလိုက်ကြောင်းသိရသည်။
Subscribe to