ပေါင်းတည်မြို့တွင် အပြင်ထွက်သူတိုင်း Maskမဖြစ်မနေ တတ်ဆင်ကြရေးအတွက် ရည်ရွယ်၍ မွေးနေ့ အထိမ်းအမှတ်အဖြစ် အလှူရှင်များက လာရောက်လှူဒါန်း

ပေါင်းတည် စက်တင်ဘာ ၁၆


ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ် Mask မတပ်ဆင်သူများ ဖမ်းဆီးကြီးကြပ်ရေးအဖွဲ့ တာဝန်ခံ မြို့နယ်စားသုံးသူရေးရာဦးစီးမှူး ဦးနိုင်ဝင်းသိန်းနှင့် အဖွဲ့ဝင်များက အိမ်မှအပြင်ထွက်တိုင်း Mask နှာခေါင်းစည်းအား မဖြစ်မနေ တပ်ဆင်ကြရေးအတွက် စိစစ်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်အတူ အလှူရှင် ပေါင်းတည်မြို့ မှတ်တိုင်လမ်းနေ ကိုဝင်းနိုင်ဦးက မွေးနေ့အလှူအဖြစ် Mask(၄၅၀)ခုအား လာရောက်လှူဒါန်းခဲ့ရာ အလှူရှင်နှင့်အတူ မြို့မစျေးကြီးဘုရားကြီးလမ်းနှင့် ရန်ကုန်−ပြည် ကားလမ်းတလျှောက်ရှိ သွားလာလျက်ရှိသည့် ဒေသခံပြည်သူများအား Hand speaker ဖြင့် Mask နှာခေါင်းစည်းများ မပါလျှင် လာရောက်ယူနိုင်ပါကြောင်းနှင့် မဖြစ်မနေ တပ်ဆင်သွားလာ ပေးကြပါရန် ကြေညာနှိုးဆော်၍ လိုက်လံဝေငှခြင်းအား လုပ်အားပေး ကုသိုလ်ယူ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရပြီး အလားတူယနေ့နံနက်၈နာရီကလည်းကြာနီကန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များမှ အလှူရှင်များ၏ စုပေါင်းလှူဒါန်းသည့် Mask(၅၀၀)ခုအား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထွန်းနှင့်အဖွဲ့ဝင်များ၊ နယ်မြေရဲကင်းမှူးဒုရဲအုပ်ရဲနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ကျေးလက် ကျန်းမာရေးဝန်ထမ်းများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းဝင်များက Mask နှာခေါင်းစည်းအား မဖြစ်မနေတပ်ဆင်ကြရေးအတွက် လိုက်လံစိစစ်မှုနှင့်အတူ ကြာနီကန် ကျေးရွာအုပ်စုအတွင်းသို့ ဖြတ်သန်းသွားလာကြသည့်ပြည်သူများကို Mask မဖြစ်မနေ တပ်ဆင်သွားလာနိင်ရေးအတွက် အလှူရှင်များ ကိုယ်စားလမ်းဆုံနေရာ အသီးသီး၌ လိုက်လံဝေငှလှူဒါန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)