မင်းဘူးမြို့တွင် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်


မင်းဘူး စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် နှာခေါင်းစည်း Mask များအခမဲ့ ဖြန့်ဝေခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက လမ်းဆုံများ၊ စျေးများနှင့် လူအများသွားလာနေသော နေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ ပေးခြင်း၊ ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး နှိုးဆော်ခြင်းနှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသော နှာခေါင်းစည်း Mask အခုရေ ၂၀၀၀ အခမဲ့ဖြန့်ဝေပေး ခြင်းတို့ကို ခရိုင်/မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ချမ်းသာကြီး ပရဟိတ လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် အရှိန်အဟုန်မြှင့်၍ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်ကြက်ခြေနီအသင်းထံမှ သိရသည်။
မောင်မောင်(မင်းဘူး)