ပေါင်းတည်မြိုနယ်အတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ရောင်းချခြင်းရှိ/မရှိ ရှောင်တခင် လိုက်လံစစ်ဆေး

ပေါင်းတည် စက်တင်ဘာ   ၁၆


 ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်များအား  ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းနှင့် ပါဆယ်စနစ်ရောင်းချခြင်း ရှိ/မရှိ မြို့နယ်ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စားသုံးရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား အဖွဲ့(၂)ဖွဲ့ခွဲ၍ ရှောင်တခင်လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် ဆိုင်ဝင်ပေါက်တွင် လက်ဆေးဘေစင်များထားရှိရေး၊ စားသုံးသူများအား လက်ကိုစနစ်တကျ ဆေးကြောစေခြင်းနှင့် Mask နှာခေါင်စည်းလက်အိတ်နှင့် FaceShield တပ်ဆင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး လိုအပ်ချက်ရှိသည့်ဆိုင်များအား အသိပေးပြောကြားကာ ကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
တင်ဝင်းဇော်(မင်းသားကြီး)