ကွတ်ခိုင် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)၌ ယမန်နေ့ မွန်းလွဲပိုင်း က ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များနှင့် နိုင်ငံရေး ပါတီများက ပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဂျေလဆမ်းက စေ့စပ်ညှိနှိုင်း ရေး ကော်မတီ၏ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ မြို့နယ် ဦးစီးမှူး ဒေါ်တောင်ဂျာခေါန်က ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်း၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၆)ဦး၊ ဌာနဆိုင်ရာများ (၉)ခုမှ အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ကွတ်ခိုင်မြို့ရှိ နိုင်ငံရေးပါတီ(၅)ခုတို့မှ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ကွတ်ခိုင်မြို့ရှိ ဩဇာတိက္ကမ ရှိသူ(၅)ဦးတို့မှ အဖွဲ့ဝင်အဖြစ် အသီးသီး ပါဝင်ဖွဲ့စည်းထားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ တက်ရောက်လာသော နိုင်ငံရေးပါတီများက မဲစာရင်းများနှင့် ပတ်သက် ၍ မဲဆန္ဒရှင်စာရင်းများ မပါရှိသည့် အကြောင်းများနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း မေးမြန်းဆွေးနွေးကြရာ ကွတ်ခိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဂျေလဆမ်း နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်တောင်ဂျာခေါန်တို့ က ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)