တနိုင်းမြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပေးကြေညာခြင်း များအား အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်

တနိုင်း စက်တင်ဘာ ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ပျံ့နှံ့မှု မရှိစေရေးနှင့် အချိန်မီ ထိန်းချုပ်နိုင်ရေးတို့အတွက် ညမထွက်ရအမိန့် ထုတ်ပြန်ခြင်းနှင့် ကျန်းမာရေး အသိပညာပေး ကြေညာခြင်းများကို ယမန်နေ့ည ၇ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ လမ်းဆုံလမ်းခွ နေရာများတွင် အသံချဲ့စက်များ၊ Hand Speaker များဖြင့် သက်ဆိုင်ရာ တာရှိသူများမှ လိုက်လံအသိပေး ကြေညာခဲ့သည်။

အဆိုပါ လိုက်လံအသိပေး ကြေညာခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ တနိုင်းမြို့နယ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် စက်တင်ဘာလ(၁၅)ရက်နေ့မှ စတင်၍ ညမထွက်ရ အမိန့်ထုတ်ပြန်ချက်အရ နေ့စဉ် ည(၁၂)နာရီအချိန်မှ နောက်နေ့ နံနက်(၄)နာရီအချိန်အထိ  တနိုင်းမြို့ နယ်အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းများ မပြုကြရန်နှင့် အရေးပေါ်ကိစ္စများ ပေါ်ပေါက်လာပါက သက်ဆိုင်ရာများ၏ ခွင့်ပြုချက်၊ ထောက်ခံချက်များ ရရှိမှသာ သွားလာကြရန် အသိပေးနှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပေး ကြေညာခြင်း များအား လမ်းဆုံလမ်းခွ နေရာများနှင့် အများပြည်သူ သွားလာသည့် နေရာများ ရပ်ကွက်/ကျေးရွာများသို့ အရောက် အသံချဲ့စက် ဖြင့်လည်းကောင်း၊ Hand Speaker ဖြင့်လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ညမထွက်ရအမိန့် ထုတ်ပြန်သည့်နေ့မှစတင်၍ ပူးပေါင်းစစ်ဆေး အဖွဲ့များက နေ့စဉ် ည(၇)နာရီမှ (၁၀) နာရီအချိန်အထိ လည့်လှည်နှိုးဆော်လျက်ရှိရာ ညမထွက်ရအမိန့်အမှတ် (၁၈/၂၀၂၀)အရ နာရေးကိစ္စ၊ ကျန်းမာရေးနှင့် အရေးကြီးကိစ္စ ဆောင်ရွက်သူများမှအပ ည(၁၂)နာရီမှ နောက်နေ့ နံနက်(၄)နာရီအချိန်အထိ ညမထွက်ရ အမိန့်ရက်တိုး ထုတ်ပြန်ခြင်းနှင့် အများပြည်သူအကျိုးငှာ ရည်ရွယ်ထုတ်ပြန်ခြင်း ဖြစ်သဖြင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒအရ အရေးယူခံရမည် ဖြစ်ကြောင်း ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်သွားစေရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)