မိုးနဲမြို့၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ စိစစ်ချထားခြင်းနှင့် အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်များထုတ်ပေး

မိုးနဲ   စက်တင်ဘာ   ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွက်အရပ်ရပ်အခွင့်အရေး လိုင်စင်များစိစစ်ချထားခြင်း နှင့် အသား ထုတ်လုပ်ရောင်းချခွင့် လက်မှတ်များ ထုတ်ပေးခြင်း အခမ်းအနားကို  ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးခွန်မောင်ဟိန်းက အရပ်ရပ်အခွင့်အရေး လိုင်စင် များစိစစ်ချထားခြင်း ၊ သက်တမ်းတိုး စိစစ်ရောင်းချရေးဆိုင်ရာ စည်းကမ်းချက်များ နှင့် အသားထုတ် လုပ်‌ရောင်းချခွင့် လက်မှတ် ထုတ်ပေးခြင်းဆိုင်ရာစည်းကမ်းချက်များအားရှင်းလင်းခဲ့ကာ တက် ရောက်လာသူများ၏ မေးမြန်းချက်များအပေါ် အမှုဆောင်အရာရှိက ပြန်လည်ရှင်းလင်း ဖြေကြား ခဲ့သည်။

ယင်းနောက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးစိစစ်ရောင်းချရေးကော်မတီမှ အရပ်ရပ်အခွင့် အရေးလိုင်စင် ၅ မျိုးနှင့် မိုးနဲမြို့နယ် အသားထုတ် လုပ်ရောင်းချခွင့် လက်မှတ်  ၃ စောင်၊ကျိုင်းတောင်းမြို့ အသားထုတ်လုပ်ရောင်ချခွင့်လက်မှတ် ၃ စောင်ကို  လိုင်စင်အလိုက် လျှောက်ထားသူ တစ်ဦးချင်းအား သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသော လုပ်ငန်းများအား လေလံစည်းကမ်း နှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် စိစစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

 မျိုးညွန့်ရွှေ(မိုးနဲ)