ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွာရေးကုစားမှုအစီအစဉ်အရ စိုက်ပျိုးထား သော မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းများ အား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် တရားကျေးရွာအုပ်စုရှိ တရားနှင့်ရှမ်းကိုင်းကျေးရွာများတွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP) အရ စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များအား ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်စန္ဒာမိုး၊ ခရိုင်နှင့် မြိုနယ်ရုံးဝန်ထမ်းများ အဖွဲ့တို့က ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကျောက်မဲမြို့၌ ညမထွက်ရအမိန့်ထုတ်ပြန်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မို‌ကျောက် မဲ မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ယမန်နေ့ ရက်စွဲဖြင့် ညမထွက်ရ အမိန့်အား ထုတ်ပြန်ကြေညာ လိုက် ကြောင်း သိရသည်။

မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ မွန်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ညပိုင်းမှစ၍ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများသို့ အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နမ္မတူမြို့နယ်၌ ညမထွက်ရအမိန့် ထုတ်ပြန်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ဒေသခံမိဘပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူစက်ခံရမှုမရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးတို့အတွက် ညမထွက်ရန်အမိန်ကို စက်တင်ဘာလ (၁၅)ရက် ရက်စွဲဖြင့် ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် Hand Held Mega Phone များ လွှဲပြောင်းပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် အထောက်အကူ ဖြစ်စေရန်အတွက် Hand Held Mega Phone များအား ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ အား လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မင်းရာဇာခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူ (၂၃)ဦး၏ Swab နမူနာများ ဓာတ်ခွဲစစ်ဆေးရန် ဓာတ်ခွဲခန်းသို့ ပို့ဆောင်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၂၃)ဦး၏ Swab နမူနာများအား (၁၇) ကြိမ်မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယနေ့ နံနက်ပိုင်းက ရယူခဲ့ကြောင်း သိရ သည်။

ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းများနှင့် ညှိနှိုင်းဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီနှင့် လူမှုကူညီရေး အသင်းများက ယနေ့ နံနက် ၁၁ နာရီအချိန်က ပြည်သူ့ဝန်ဆောင်မှုရုံးတွင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုဗစ်− ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်/မြို့နယ်အဆင့် လုပ်ငန်းကော်မတီနှင့် လုပ်ငန်းရှင်များမှ ကိုဗစ်− ၁၉ ရောဂါကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ပရဟိတလူမှုရေးအဖွဲ့များအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား လားရှိုးတွင် ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် ၊ လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီခဲ့ကြသည့် လူမှုရေးအသင်းအဖွဲ့၊ ပရဟိတ အသင်းအဖွဲ့များအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်/မြို့နယ်အဆင့်လုပ်ငန်းကော်မတီ နှင့်လုပ်ငန်းရှင်များမှ ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီအချိန်က ကျင်းပခဲ့သည်။

ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား နှာခေါင်းနှင့် အာခေါင်တို့ပတ်များ ရယူ၍ ကျန်းမာရေးဓာတ်ခွဲဌာနသို့ ပေးပို့

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ လွှဲတဲကျေးရွာမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာနှင့် ထိတွေ့ခဲ့သူ ၁၆ ဦးနှင့် အခြားပြည်နယ်/တိုင်းဒေသကြီးများမှ ပြန်လည်ရောက်ရှိလာသူများအား ယနေ့ နံနက်ပိုင်းက နှာခေါင်းနှင့် အာခေါင်တို့ပတ်များ ရယူခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ဖြိုးကျော်အောင်ထံမှ သိရသည်။
Subscribe to