မရမ်းကုန်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသော Quarantine Center သို့ အလှူငွေများ လာရောက်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၇)ရပ်ကွက်၊ မလိခလမ်းအမှတ်(၁၄)တွင် ဖွင့်လှစ် ထားသော Quarantine Center တွင် အသုံးပြုရန် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အလှူရှင်းများမှ အလှူငွေများ လာရောက်လှူဒါန်းခဲ့သည်။

မိုင်းယုမြို့၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများကို စတုတ္ထပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေး ပေးအပ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့အတွင်းရှိ အသက်ရှိ(၈၅)နှစ် အထက်သက်ကြီး ဘိုးဘွားများကို ၂၀၁၉-၂၀၂၀ခုနှစ်၊ ဘဏ္ဍာရေးနှစ် စတုတ္ထပတ်အတွက် လူမှုဝန်ထမ်းဦးစီးဌာန၊ အသက်မွေးဝမ်းကျောင်းနှင့်

ဗိုလ်တထောင်မြို့နယ်တွင် Quarantine Center ဖွင့်လှစ်ထားရှိရန် ညှိနှိုင်းဆွေးနွေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် Quarantine Center ဖွင့်လှစ်ထားရှိရန် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်တွင် YMCA ခန်းမ၌ ကျင်းပခဲ့သည်။

နမ္မတူမြို့နယ်၌ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဆိုင်ရာ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဆိုင်ရာ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို စက်တင်ဘာလ (၁၅)ရက်နေ့ ညနေ (၄)နာရီခွဲ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။

ထီးချိုင့်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှု မရှိစေရေးအတွက် မြို့အဝင်၊ အထွက်များတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် ကိုဗစ်-၁၉ကာကွယ်ရေးလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ( ၉) ခွဲအချိန်မှ စတင်၍ မြို့အတွင်းမြို့ပြင် သို့ ဝင်ထွက်သွားလာသူများအား ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် စစ်ဆေးရေးဂိတ် (မြို့ဝင်မောင်းတံဂိတ် ) စတင်ဖွင့်လှစ်၍ စစ်ဆေးခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၃၆)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့ ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေ ဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများ အား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။

လှိုင်သာယာမြို့(အနောက်ပိုင်း) မြို့နယ်၌ နှာခေါင်းစည်း Mask အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံမှု မရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ် ရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက လှိုင်သာယာမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင်၊ မြို့နယ်အထွေထွအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ ဈေးစည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ လူစည်ကားရာ နေရာဖြစ်သည့် အမှတ်(၁၃) ရပ်ကွက် ပင်လုံဈေးတွင် ဆောင်ရွက်သည်။

ပေါက်မြို့နယ်တွင် ကိုဗစ် - ၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP)ဖြင့် ဒုတိယအကြိမ် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးတောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာစိုက်ပျိုးသွားနိုင်ရေးအတွက် နိုင်ငံတော်က ကိုဗစ် - ၁၉ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)ဖြင့် ဒုတိယအကြိမ်ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

တောင်တွင်းကြီးမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဒုတိယနေ့အဖြစ် တောင်တွင်းကြီး-မကွေးလမ်းတလျောက် ရွှေကြာအင်း(၁)ရပ်ကွက်၊ ရွှေကြာအင်း(၂)ရပ်ကွက်၊ အုန်းတော(၁)ရပ်ကွက်တို့ရှိ စားသောင်ဆိုင်များအား ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to