ငဖဲ စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများ လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင်၊ဩဂုတ်၊ စက်တင်ဘာလများ အတွက် ဘိုးဘွား တစ်ဦးလျင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ငဖဲမြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာ အုပ်စုများမှ သက်ကြီး ဘိုးဘွား (၂၅၁)ဦးအား စုစုပေါင်းထောက်ပံ့ငွေကျပ် ၇၅၃၀၀၀၀ ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းမှရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများထံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း နှင့်ရပ်ကွက်၊ကျေးရွာများမှ သက်ကြီးဘိုးဘွား များအား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူ များကတစ်ဆင့် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မယု(ငဖဲ)